သီးခြားလွတ်လပ်သောအဖွဲ့ (Third Party Certification Body) များဖွဲ့စည်းဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ခြင်း

ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်။

၁။ မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီ (Myanmar Forest Certification Committee-MFCC) သည် မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးစနစ် (Myanmar Forest Certification Scheme – MFCS)ကို ထာဝစဉ်တည်တံ့စေသည့် သစ်တောစီမံအုပ်ချုပ်မှု Sustainable Forest Management အရ စီမံအုပ်ချုပ်ထားသောသစ်တောများ (Certified Forests) ဖြစ်ကြောင်း ထောက်ခံချက်ပေးနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။ မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ထားရှိသော MMS 32:2022 သစ်တောအုပ်ချုပ်လုပ် ကိုင်မှုအတွက် ထောက်ခံချက်ပေးနိုင်ရန် မြန်မာ့စံနှင့်အညွှန်းများ “ MMS 32:2022 Myanmar Criteria and Indicators for Forest Management Certification Standard” အရ သတ်မှတ် စံနှင့်အညွှန်းများအတိုင်း စီမံအုပ်ချုပ်ခြင်းလုပ်ငန်းစဉ်များအား လိုက်နာမှုဆန်းစစ်ချက်များကို သီးခြားလွတ်လပ်သောအဖွဲ့ (Independent Third Party Certification Body-CB)မှ အကဲဖြတ် စစ်ဆေးရန် လိုအပ်ပါသည်။

၃။ သီးခြားလွတ်လပ်သောအဖွဲ့တွင် ပါဝင်သည့်ပုဂ္ဂိုလ်များသည် သစ်တောစီမံအုပ်ချုပ်ခြင်း၊ စိုက်ခင်းတည်ထောင်ခြင်းနှင့်သက်ဆိုင်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုရေးနှင့်စီးပွားရေး အမြင်ရှိသူများဖြစ်ရန်နှင့် MFCS/MMS 32:2022ကို လေ့လာအကျွမ်းတဝင်ဖြစ်ရန် လိုအပ်ပါသည်။

၄။ သီးခြားလွတ်လပ်သောအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးအကဲဖြတ်ပြီး သစ်တောထောက်ခံချက်ပေး ခြင်းလုပ်ငန်းကိုဆောင်ရွက်လိုပါကအဖွဲ့တွင်ပါဝင်မည့်ပုဂ္ဂိုလ်များ၏အမည်နှင့် ၄င်းတို့၏ကိုယ်ရေး ရာဇဝင် (CV)များ ပူးတွဲပြီး MFCC သို့ လျှောက်ထားရန်ဖြစ်ပါသည်။ MFCC မှ ရေးဆွဲထားသော Notification Procedures နှင့် CB Requirements တို့နှင့်အညီ လုပ်ငန်းဆောင်ရွက်နိုင်ရန် စိစစ်ခြင်း နှင့်ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

၅။ သို့ဖြစ်ပါ၍ MFCS စနစ်အရ ထာဝစဉ်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်မှုအရ အုပ်ချုပ်ထားသောသစ်တောများဖြစ်ကြောင်း ထောက်ခံချက်ပေးနိုင်ရန် သီးခြားလွတ်လပ်သော အဖွဲ့ (Third Party Certification Body) ဖွဲ့စည်းဆောင်ရွက်လိုသော အဖွဲ့အစည်း/ ကုမ္ပဏီများ အားဖိတ်ခေါ်အပ်ပါကြောင်း နှင့် စိတ်ပါဝင်စားသော အဖွဲ့အစည်းများအနေဖြင့် အောက်ဖော်ပြပါ အတိုင်း လျှောက်ထားနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်-

(က) လျှောက်ထားရမည့်နောက်ဆုံး ရက် – ၃၁-၅-၂၀၂၄

(ခ) လျှောက်ထားရမည့်လိပ်စာ – မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေး ကော်မတီ၊ လုပ်ငန်းအဖွဲ့ရုံး၊ ကြို့ကုန်းသစ်တောဝင်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး။

(ဂ) ဆက်သွယ်ရမည့် Email – [email protected]

(ဃ) ဖုန်း – ၀၉၅၁၁၀၈၃၂

 

Comments are closed.