-
Deadline extended for 2 weeks until 10th August 2022: Public Consultation for “Myanmar Timber Legality Assurance System (MTLAS) Version (1.03-2022)”
“မြန်မာနိုင်ငံ တရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့်စနစ် မူကွဲ (၁.၀၃ - ၂၀၂၂)” အား ဆက်စပ်ပတ်သက်ပါဝင်သူများထံမှ လူထုသဘောထားမှတ်ချက်နှင့် အကြံဥာဏ်ရယူခြင်း” မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီအနေဖြင့် ၂၀၀၉ ခုနှစ်တွင် “အာဆီ ယံ၏ လမ်းညွှန်ချက် တရားဝင်သစ်၏ စံနှင့်အညွှန်းများ (၂၀၀၉)”ကို အခြေခံ၍ စံ (၆) ခုနှင့် အညွှန်း(၁၅)ခု ပါဝင်သော “တရားဝင်သစ်ဖြစ်ကြောင်း ထောက်ခံချက်ပေးနိုင်ရန် မြန်မာနိုင်ငံ စံနှင့်အညွှန်းများ” ကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ၍ ရေးဆွဲခဲ့ပါသည်။ ထို့နောက် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီမှ “တ ရားဝင်သစ်ဖြစ်ကြောင်း ထောက်ခံချက်ပေးနိုင်ရန် မြန်မာနိုင်ငံ စံနှင့်အညွှန်းများ−၂၀၀၉” ကို အ ခြေခံ၍ မြန်မာနိုင်ငံရှိ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများနှင့်အညီ “မြန်မာနိုင်ငံတရားဝင်သစ်ဖြစ် ကြောင်း အာမခံသည့်စနစ်−Myanmar Timber Legality Assurance System, MTLAS” ကို ရေးဆွဲခဲ့ပါသည်။ MTLAS တွင် ဥပဒေသ (၆) ခုနှင့် စံ (၂၀) ပါဝင်ပြီး သစ်ထုတ်လုပ်ခွင့်မှစတင်၍ သစ်များ တင်ပို့ရောင်းချသည်အထိ ပါဝင်ပါသည်။ MTLAS တွင် သစ်ရရှိသည့် အရင်းအမြစ် (Sources of Timber) နေရာတွင် သဘာဝတောမှ ထွက်ရှိသောသစ်ကိုသာ ထည့်သွင်း၍ ရေးဆွဲ ခဲ့ပါသည်။ MTLAS စနစ်အား နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော မူဘောင်များနှင့်အညီ လိုအပ် ချက်များ၊ အားနည်းချက်များကို သိရှိနိုင်ရန်နှင့် FLEGT VPA လုပ်ငန်းစဉ်အား အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်၍ “MTLAS Gap Analysis Project” ကို (၂၀၁၆−၁၇) ခုနှစ်တွင် EU FAO FLEGT Programme ၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီသည် “Programme for Endorsement of Forest Certification-PEFC” နှင့် ပူးပေါင်း၍ “Working in Partnership to bring Sustainable Management to Myanmar’s Forest” ခေါင်းစဉ်ဖြင့် (၃) နှစ်တာစီမံကိန်းကို Prince Albert (II) of Monaco Foundation ၏ အထောက်အပံ့ဖြင့် ၂၀၁၇ ခုနှစ်၊ မေလမှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ MFCC မှ ရေးဆွဲထားသော Policies များတွင် စနစ် များ/စံနှင့်အညွှန်းများ ရေးဆွဲသည့်အခါနှင့် ပြန်လည်သုံးသပ်ပြင်ဆင်ရေးဆွဲသည့်အခါတွင် လိုက် နာဆောင်ရွက်ရမည့် Standard Setting Policy (MFCC P 3 SS) လည်းပါဝင်ပါသည်။ ဖော်ပြပါ Policy တွင် စံနှင့်အညွှန်းများအား ရေးဆွဲပြီး (၅) နှစ်အကြာတွင် ပြန်လည်သုံးသပ်ပြင်ဆင်ရေး ဆွဲရန် ထည့်သွင်းရေးဆွဲထားပါသည်။ European Timber Trade Federation-(ETTF) ၏ အထောက်အပံ့ဖြင့် NEPcon အဖွဲ့အစည်းသည် “Evaluation of the Myanmar CoC Dossier and MTLAS” ခေါင်းစဉ်ဖြင့် ဆန်းစစ်အကဲဖြတ်မှုများပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ တွင် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါ သည်။ အဆိုပါအစီရင်ခံစာတွင် MTLAS အား ပြန်လည်ပြင်ဆင်ရေးဆွဲရန် လိုအပ်ကြောင်းကို လည်း သုံးသပ်ရေးသားထားကြောင်း တွေ့ရှိရပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် MTLAS စနစ်အား ပြန် လည်ပြင်ဆင်ရေးဆွဲရာ အဆိုပါအစီရင်ခံစာမှ ထွက်ရှိလာသော တွေ့ရှိချက်များနှင့် ၂၀၁၆−၁၇ ခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော စီမံကိန်းမှ ရရှိသည့် တွေ့ရှိချက်များ၊ လက် တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာမှ တွေ့ရှိချက်များကို ထည့်သွင်းစဉ်းစား၍ အာဆီယံ၏ တရားဝင်သစ်ဖြစ်ကြောင်း စံနှင့်အညွှန်း (၂၀၁၉−မူကြမ်း) တို့ကို အခြေခံ၍ MTLAS စနစ် မူကွဲ (၁.၀၂) ကို မူကြမ်းအနေဖြင့် ရေးဆွဲခဲ့ပါသည်။ MFCC-PEFC စီမံကိန်းပြီးဆုံးသည့်နောက်ပိုင်းတွင် WWF ၏ ပံ့ပိုးမှုဖြင့် International Consultant တစ်ဦး ရွေးချယ်ငှားရမ်းခဲ့ပါသည်။ ၄င်းမှ ASEAN ကို အခြေခံပြီး ရေးဆွဲ ထားသော MTLAS 2019 ပေါ်တွင် ပြန်လည်သုံးသပ်၍ အကြံပြုခဲ့ပါသည်။ အဆိုပါအကြံပြုချက်များတွင် Legality Definition အဆိုပြုချက်လည်း ပါရှိပါသည်။ Timber Legality Definition နှင့် ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုချက်သည် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှု ရှိရန် လိုအပ်ပါသည်။ MTLAS ကို ပြန်လည်သုံးသပ်ရာ မူလ (၂၀၁၃) စံချိန်စံညွှန်းကို မူကွဲ (၁.၀) သတ်မှတ် ပါသည်။ မူကွဲ (၂) ကို အတည်မပြုမီ မူကွဲ (၁.၀၁)၊ (၁.၀၂)နှင့် (၁.၀၃) စသည်ဖြင့် သတ်မှတ်ရန် အဆင့်များ ရှိမည်ဖြစ်ပြီး နောက်ဆုံးမူကွဲ (၂) ကို အတည်ပြုပြီးသည်အထိ အဆင့်ဆင့်လုပ်ဆောင် ခဲ့ချက်များကို ရက်စွဲဖြင့် မှတ်တမ်းတင်ထားမည် ဖြစ်ပါသည်။ MTLAS မူကွဲ (၁.၀၁) ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် အတည်ပြုခဲ့ပါသည်။ MTLAS မူကွဲ (၁.၀၂) ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အတည်ပြုခဲ့ပါသည်။ ယခု MTLAS မူကွဲ (၁.၀၃) သည် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့တွင် ကျင်းပခဲ့သော Expert Advisory Group နှင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေး ကော်မတီ ပထမ အကြိမ်မြောက် အစည်းအဝေးမှ အတည်ပြုထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီမှ ပြုစုထားသော Standard Setting Policy အရ “မြန်မာနိုင်ငံတရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့်စနစ်” မူကွဲ (၁.၀၃ - ၂၀၂၂) ကို အတည်ပြုနိုင်ရေးအတွက် ဆက်စပ်ပတ်သက်ပါဝင်သူများ အားလုံးထံမှ သဘောထား မှတ်ချက်နှင့် အကြံဉာဏ်များ ပေးပို့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။ သဘောထားမှတ်ချက်နှင့်အကြံဉာဏ်များတောင်းခံသည့် အချိန်ကာလမှာ ရက်ပေါင်း (၃၀) ဖြစ်ပြီး ၂၀၂၂ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့မှ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၂၇)ရက်နေ့အထိ ဖြစ်ပါသည်။ သဘောထားမှတ်ချက်နှင့်အကြံဉာဏ်များပေးခြင်းကို “လူထုသဘောထားမှတ်ချက် နှင့် အကြံဉာဏ်ရယူခြင်းပုံစံ” တွင် ဖြည့်စွက်ပေးပို့နိုင်ပါသည်။ မြန်မာနိုင်ငံသစ်တောထောက်ခံ ချက်ပြုရေးကော်မတီ [email protected] သို့ Emailဖြင့် ပေးပို့၍ သဘော ထားမှတ်ချက်နှင့်အကြံဉာဏ်များကို ပေးပို့နိုင်ပါသည်။ လူကြီးမင်းတို့အနေဖြင့် သဘောထားမှတ်ချက်နှင့် အကြံဉာဏ်များ ပေးပို့ရန် အချိန်ကာလ ထပ်မံလိုအပ်နိုင်သည့်အတွက် သဘောထားမှတ်ချက်နှင့် အကြံဉာဏ်များ တောင်းခံသည့် အချိန်ကာလကို (၂၈-၇-၂၀၂၂) ရက်နေ့မှ (၁၀-၈-၂၀၂၂) ရက်နေ့ထိ ရက်သတ္တ ပတ်(၂)ပတ် ထပ်မံ တိုးမြှင့်လိုက်ပါသည်။ Public Consultation for “Myanmar Timber Legality Assurance System (MTLAS) Version (1.03-2022)” In order to enable MFCC to be in the position to manage the issuance of legality certificate, the set of Criteria and Indicators was developed comprising (6) criteria and (15) indicators based on “ASEAN Criteria and Indicators for Legality of Timber (2009)” in both Myanmar and English languages with the collaboration of the related departments. Then, in 2013, the Myanmar Forest Certification Committee developed and approved the “Myanmar Timber Legality Assurance System, MTLAS” based on the existing laws, rules and regulations as well as the “Myanmar Criteria and Indicators for Legality of Timber - 2009”. MTLAS includes (6) principles and (20) criteria, starting from right to harvest to the exports. In MTLAS, the source of timber was only covered harvested timber from natural forest. In order to meet the international benchmarks of the legality frameworks, the MTLAS Gap Analysis Project was conducted in 2016-17 under the assistance of EU FAO FLEGT Program to identify gaps and to support FLEGT process accordingly. In addition, Myanmar Forest Certification Committee collaborated with the Program for Endorsement of Forest Certification (PEFC) and launched a three-year project called “Working in Partnership to bring Sustainable Management to Myanmar’s Forest” funded by Prince Albert (II) of Monaco Foundation in 2017 May. During this project, MFCC developed the policies that included the Standard Setting Policy (MFCC P 3 SS) to be followed when developing systems / criteria and indicators. The policy includes to be reviewed and revised to the criteria and indicators that has been developed after five years. With the support of the European Timber Trade Federation (ETTF), NEPcon conducted an assessment report on “Evaluation of the Myanmar CoC Dossier and MTLAS” and the report was released in 2019 July. The report also indicated that MTLAS needed to be reviewed and revised. In 2020, the findings from that report, the findings of the above 2016-17 project and the findings from the Standard Implementation Stage were taking into account of the developing of the MTLAS Version (1.02). It was also drafted based on the ASEAN Standard for Legality of Timber (2019-draft). After the completion of the MFCC-PEFC project; with the support of the WWF, an International Consultant was selected and hired to review the MTLAS 2019, which is based on ASEAN guidelines. It also includes the recommendation to revise the Legality Definition which is also to comply with the current laws, rules and regulations of Myanmar. When MTLAS was reviewed, the original set of Criteria and Principles (2013) is set as Version (1.0). Before the Version (2) is approved, there will be steps to be set as Version (1.01), (1.02), (1.03) and etc.; and all steps will be recorded with the date until the Final Version (2.0) is approved. MTLAS Version (1.01) was approved on 22nd February 2019, and MTLAS Version (1.02) was also approved on 26th January 2021. Now, MTLAS Version (1.03) was approved by Expert Advisory Group on 3rd June, 2022 and First MFCC Meeting on 13th June 2022. In accordance with MFCC standard setting policy, MFCC would now like to invite stakeholders’ comments on “Myanmar Timber Legality Assurance System (Version 1.03 - 2022)”. This consultation period will open for 30 days from 28 June, 2022 and end on 27 July, 2022. Feedback can be submitted by completing the below MTLAS public consultation form. If preferred you can also submit feedback through [email protected]. Myanmar Forest Certification Committee has extended the public consultation period for two weeks, from 28 July, 2022 to 10 August, 2022 in order to give you more time to send feedback. You can download the files in the following table. Related DocumentsDate Myanmar Timber Legality Assurance System (MTLAS) (Version 1.03-2022) Myanmar Timber Legality Assurance System (MTLAS in Myanmar version draft ) (Version 1.03-2022) Public Consultation Form for "Myanmar Timber Legality Assurance System (MTLAS)"
Continue reading -
Vacancy announcement for International Consultant of MFCC-ITTO Project
Issue Date : 20th June 2022 Deadline : 20th July 2022 Project : STRENGTHENING SFM STANDARDS AND TIMBER LEGALITY FRAMEWORK IN MYANMAR (PP – A/56 – 342A) Funding : Forestry Agency of Japan (FAJ) Country : Myanmar Duration : 6 months working period from the starting date Working days : Approx. 30~60 working days I. Purpose The purpose of this vacancy announcement is to provide the cooperative framework for the project of Myanmar Forest Certification Committee (MFCC) and International Tropical Timber Organization (ITTO) called “Strengthening SFM Standards and Timber Legality Framework in Myanmar” funded by Forestry Agency of Japan (FAJ). And the international consultant is to assist in MFCC implementation of predefined activities and provide technical guidance in relation to MFCC’s project with ITTO. The project is for a period of 24 months and was signed in Jan 31st 2021. II. Introduction The immediate objective of the ITTO Project is to build responsible timber trade in Myanmar through globally accepted forest and Chain of Custody certifications systems. As part of the project significant capacity building interventions will be implemented to develop the robustness of the mechanisms and infrastructures that underpin Myanmar’s timber certification systems. Standard and system development will hinge on wide stakeholder consultation, with international best practice processes (in accordance with MFCC policies and procedures), that will serve to foster an environment of mutual trust and ownership amongst forest sector stakeholders. MFCC has identified a number of activities within the project framework that will require external support and technical expertise to implement. The international consultant will act as a key partner to lead and to help deliver the activities. III. Operational Roles and Responsibilities The roles and responsibilities of the international consultant are to: 1. Commit sufficient technical guidance to support MFCC towards achieving the identified goals of the project (as identified in table below). This can be from organization or the individual (or other recommended consultants). Contractor will commit to ensure that the activities identified for his/her will be delivered of high quality and on schedule. 2. Maintain all necessary project and activity files for identified interventions and data and allow free and unrestricted access for information that is not confidential (such as financial). 3. Commit to regular discussions (at least once a month and ad hoc if and when requested) to: update on progress and to flag any challenges, potential problems and discuss solutions; ensure effective project coordination and synergy of activities between MFCC and the contractor; maintain a positive and mutually supportive dialogue to support both parties’ respective missions in addition to achieving the goals of the project Output 1: Myanmar certification and timber legality assurance systems improved Activities A 1.1 GAPS from external assessment reviewed and addressed A 1.2 Drafting relevant documents such as an initial MTLAS v2.00 and legality definition, Expert Group ToRs, stakeholder maps, agendas, workshops and conferences plans A 1.5 Finalising (SFM related) system documentation and associated reporting Output 2: Capacity of key stakeholders in the monitoring and verification of the sustainability and legality of timber and timber products increased Activities A 2.1 Capacity building of DRI to develop programmes for ISO accreditation (for FMU and CoC) A 2.2 Training of Certification Bodies System development support International technical consultant IV. Submission guidelines Interested candidates should submit their application together with the organization/consultant profile to [email protected] – cc [email protected] no later than 20th July 2022. MFCC is an equal opportunity employer and will not discriminate against any employee or applicant for employment on the basis of race, color, sex, sexual orientation, gender or gender identity, religion, creed, citizenship, national origin, age, veteran status, or disability unrelated to vacancy requirements. Incomplete submissions will not be considered. Please direct any questions related to this to [email protected] For more information about Myanmar Forest Certification Committee please visit: https://myanmarforestcertification.org/
Continue reading -
MFCS: Open for public comment from the Department of Research and Innovation (DRI)
မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီ (Myanmar Forest Certification Committee) သည် အောက်ဖော်ပြပါ စနစ် ၂ ခုအား ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ၁။ Myanmar Forest Certification Scheme (MFCS) မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးစနစ် ၂။ Myanmar Timber Legality Assurance System (MTLAS) မြန်မာနိုင်ငံတရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ် ဖော်ပြပါ စနစ်(၂)ခုအနက် MFCS (Myanmar Forest Certification Scheme) ကို PEFC (Programme for the Endorsement of Forest Certification) မှ အသိအမှတ်ပြုနိုင်ရေး endorsement ရရှိနိုင်ရန် ဆောင်ရွက်ဆဲဖြစ်ပါသည်။ MFCS ကို ၂၀၁၃ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး ခေတ်နှင့်အညီပြုပြင်ပြောင်းလဲ သုံးသပ် ပြင်ဆင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် Public Consultation ရက်ပေါင်း ၆၀ ခေါ်ယူ၍ အကြံပြုချက်များ တောင်းခံခဲ့ပါသည်။ ရရှိခဲ့သောအကြံပြုချက်များအား သုံးသပ်ဖြည့်စွက်အတည်ပြုပြီး PEFC သို့ endorsement ရရှိရေး ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ယခုအခါ အဆိုပါ MFCS စနစ်ကို National Standard အဖြစ် အသိအမှတ်ပြုနိုင် ရေးအတွက် DRI (Department of Research and Innovation) စံချိန်စံညွှန်းဌာနသို့ တင်ပြခဲ့ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ Enquiry Stage အဖြစ် ရက်ပေါင်း ၃၀ အထိ DRI website တွင် တင်ပြထားပါကြောင်း သိရှိနိုင်ပါရန် နှင့် အကြံပြုချက်များပေးပို့နိုင်ပါကြောင်း ထပ်ဆင့်အသိပေးအပ်ပါသည်။ For More information about the public comment: https://www.myanmarstandards.org.mm/2021-public-comment04/ No.115 DMMS XXXX: 2021 Myanmar Criteria and Indicators for Forest Management Certification DMMS XXXX: 2021 သစ်တောအုပ်ချုပ်လုပ်ကိုင်မှုအတွက် ထောက်ခံချက်ပေးနိုင်ရန် မြန်မာ့စံနှင့်အညွှန်းများ TC 16- Technical Committee for Wood-Based Product The Myanmar Forest Certification Committee (MFCC) is actively developing, implementing and revising the following two systems: 1. Myanmar Forest Certification Scheme (MFCS) 2. Myanmar Timber Legality Assurance System (MTLAS) As from the above two systems, the MFCS (Myanmar Forest Certification Scheme) is in the process of endorsement by the PEFC (Program for the Endorsement of Forest Certification). MFCS was first developed in 2013, revised and updated on 1 June 2019 with a 60-day Public Consultation. The recommendations received from the above public consultation was reviewed and approved, and an endorsement process was being processed to PEFC. Moreover, the MFCS system has now been submitted to the DRI (Department of Research and Innovation) Standards for recognition as a National Standard in Myanmar. For More information about the public comment from DRI please visit: https://www.myanmarstandards.org.mm/2021-public-comment04/ No.115 DMMS XXXX: 2021 Myanmar Criteria and Indicators for Forest Management Certification DMMS XXXX: 2021 သစ်တောအုပ်ချုပ်လုပ်ကိုင်မှုအတွက် ထောက်ခံချက်ပေးနိုင်ရန် မြန်မာ့စံနှင့်အညွှန်းများ TC 16- Technical Committee for Wood-Based Product
Continue reading -
PEFC suspends assessment of Myanmar Forest Certification System; Open for Public Consultation: Myanmar Forest Certification Scheme
Stakeholders from around the world are invited to give their feedback on the Myanmar Forest Certification Scheme. Deadline for comments is 14 October 2021. From the PEFC international website you can Give your feedback now! The Myanmar Forest Certification Committee (MFCC), the PEFC national member for Myanmar, has applied for PEFC endorsement of the country’s national forest certification scheme. The system is now undergoing the PEFC assessment process, carried out by an independent PEFC Registered Assessor. It must pass this process and be approved by the PEFC General Assembly before it can achieve endorsement. An important aspect of the assessment process is the public consultation. Over the sixty-day consultation, stakeholders from around the world can give their comments and provide feedback on any aspect of the system. The Registered Assessor will use the information received from this consultation in their assessment of the system. Give your feedback Need more information? To provide you with additional information about this national system, we held a webinar on 16 August, at 10:00 CET. Watch the recording: Youtube Link embed here MFCC joined the PEFC alliance in May 2019, alongside Vietnam. MFCC have since dedicated our time to developing and finalizing the country’s national forest certification system. Give your feedback Find out more about the development process… from the PEFC international website. PEFC suspends assessment of Myanmar forest certification system The assessment of the Myanmar forest certification system has been suspended with immediate effect due to concerns that Myanmar-based stakeholders are unable to participate in the assessment process on 14th September 2021. For more information, please visit PEFC international website: https://pefc.org/news/pefc-suspends-assessment-of-myanmar-forest-certification-system
Continue reading -
Introduction to the Myanmar Forest Certification Scheme (MFCS)
The Myanmar Forest Certification Committee (MFCC) is the National…
Continue reading -
-
Acknowledgement to the stakeholders for the comments and suggestions of the MFCS SFM standard
သစ်တောများအုပ်ချုပ် လုပ်ကိုင်မှုအတွက် ထောက်ခံချက်ပေးနိုင်ရန် မြန်မာ့စံနှင့် အညွှန်းများမူကြမ်း (သဘာဝတောနှင့်စိုက်ခင်း)" နှစ်ခုအတွက် လူထုသဘောထား မှတ်ချက် နှင့် အကြံဉာဏ်ရယူခြင်းမှ လက်ခံရရှိသော သဘောထား မှတ်ချက်များနှင့် စပ်လျဉ်း၍ ဆက်စပ်ပတ်သက်ပါဝင်သူများအား အကြောင်းပြန်ကြားခြင်း ၁။ မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီ (Myanmar Forest Certification Committee - MFCC) သည် သစ်တောထောက်ခံချက်ပေးခြင်းကိစ္စရပ်များအား အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန် Prince Albert II of Monaco Foundation အကူအညီဖြင့် Programme for the Endorsement of Forest Certification (PEFC) နှင့်ပူးပေါင်း၍ “Working in Partnership to Bring Sustainable Management to Myanmar’s Forests” စီမံကိန်းအား အကောင်အထည်ဖော် ဆောင် ရွက်ခဲ့ပြီး ဖြစ်ပါသည်။ MFCC သည် မြန်မာနိုင်ငံတွင် သစ်တောထောက်ခံချက်ပေးခြင်းကိစ္စရပ်များအား စီမံအုပ်ချုပ် ကွပ်ကဲရသည့်အဖွဲ့အစည်း(National Governing Body) ဖြစ်ပါသည်။ MFCC ၏ တာဝန်သည် ထာဝစဉ် တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်မှုနှင့် တရားဝင်သစ်များအတွက် ထောက်ခံချက်ရရှိရန် လုပ် ဆောင်မည်ဖြစ်ပါသည်။ ၂။ MFCCမှ ပြုစုထားသော Standard Setting Policy အရ စီမံကိန်းကာလအတွင်းတွင် ထာဝစဉ်တည် တံ့စေသော " သစ်တောများ အုပ်ချုပ်လုပ်ကိုင်မှုအတွက် ထောက်ခံချက်ပေးနိုင်ရန် မြန်မာ့စံနှင့် အညွှန်း များမူကြမ်း (သဘာဝတောနှင့် စိုက်ခင်း) (ဒုတိယမူကြမ်း-၂၀၁၉)" နှစ်ခုကို အတည်ပြုနိုင်ရန် အတွက် ဆက်စပ်ပတ်သက်ပါဝင်သူများ အားလုံးထံမှ လူထုသဘောထားမှတ်ချက်နှင့် အကြံဉာဏ် ရယူခြင်း ပုံစံ ဖြင့် သဘောထားမှတ်ချက်နှင့် အကြံဉာဏ်များ တောင်းခံခဲ့ပါသည်။ ၃။ သဘောထားမှတ်ချက်နှင့်အကြံဉာဏ်များတောင်းခံခြင်းကို MFCC ၏ “Working in Partnership to Bring Sustainable Management to Myanmar’s Forests” စီမံကိန်း၏ "Project Update for Stakeholders and Introduction of PEFC CoC Seminar" တွင် စတင်ကြေငြာခဲ့ပါသည်။ သဘောထား မှတ်ချက်နှင့်အကြံဉာဏ်များ တောင်းခံခြင်းကို ၂၀၁၉ခုနှစ်၊ ဧပြီလ (၃၀)ရက် နေ့မှ ၂၀၁၉ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့ထိ ရက်ပေါင်း (၆၀)သတ်မှတ်ခဲ့ပါသည်။ ၄။ MFCC သည် လူထုသဘောထားမှတ်ချက်နှင့် အကြံဥာဏ်ရယူခြင်းကို MFCC ၏ Website Contact Page နှင့် Social Media စာမျက်နှာများတွင်လည်း ကြေငြာခဲ့ပါသည်။ အမျိုးမျိုးသော ဆက်စပ်ပတ်သက်ပါဝင် သူများအား [email protected] ၏ Mail Chimps မှတစ်ဆင့် လူထုသဘောထားမှတ်ချက်နှင့် အကြံဉာဏ်ရယူခြင်းကို ဖိတ်ကြားခဲ့ပါသည်။ ၎င်းပြင် MFCC သည် သစ်တော အုပ်ချုပ်လုပ်ကိုင်မှုအတွက် ထောက်ခံချက်ပေးနိုင်ရန် မြန်မာ့စံနှင့်အညွှန်းများနှင့် ပတ်သက်၍ အတွေ့အကြုံရှိသော၊ စိတ်ပါဝင်စား သော လူပုဂ္ဂိုလ်များသာမက ဆက်သွယ်သွားလာရခက်ခဲသော နေရာ ဒေသများတွင် နေထိုင်သည့် ဒေသ ခံအစုအဖွဲ့များနှင့် ဒေသခံဌာနေတိုင်းရင်းသားများ၏ သဘောထားမှတ်ချက်နှင့် အကြံဉာဏ်များပေး ခြင်းကိုလည်း ဆက်စပ်ပတ်သက်ပါဝင်သူများမှတစ်ဆင့် မေတ္တာရပ်ခံ တောင်းခံခဲ့ပါသည်။ MFCC အနေဖြင့် သဘောထားမှတ်ချက်နှင့်အကြံဉာဏ်များကို နောက်ဆက်တွဲ (၁)ပါ ဆက်စပ်ပတ်သက် ပါဝင် သူများထံမှ လက်ခံရရှိခဲ့ပါသည်။ ၅။ မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီ၏ Standard Setting Policy အရ လူထုသဘောထားမှတ်ချက်နှင့် အကြံဉာဏ်တောင်းခံရာတွင် ဆက်စပ်ပတ်သက်ပါဝင်သူများမှ ပြန်လည် ပေးပို့သော သဘောထားမှတ်ချက်/အကြံပြုချက်များအား နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲ (Sub Working Group) အစည်းအဝေး ကို ၂၀၁၉ ခုနှစ်၊ သြဂုတ် လ (၉) ရက်နေ့နှင့် (၂၆) ရက်နေ့တို့တွင် နှစ်ကြိမ် ကျင်းပ၍လည်းကောင်း၊ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Group) အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် တစ်ကြိမ် ကျင်းပ၍လည်းကောင်း၊ မြန်မာနိုင်ငံ သစ်တော ထောက်ခံချက် ပြုရေးကော်မတီ အစည်းအဝေးကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂၉)ရက်နေ့တွင်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၁၇) ရက်နေ့၊ မတ်လ (၁၆) ရက်နေ့ နှင့် ဇွန်လ (၁၁) ရက်နေ့တွင်လည်းကောင်း လေးကြိမ်ကျင်းပ၍ အဆင့်ဆင့် သုံးသပ် ဆွေးနွေး အတည်ပြုခဲ့ပါသည်။ အချို့သော ဆုံးဖြတ်ရန်ကျန်ရှိသည့် မူဝါဒပိုင်းဆိုင်ရာ အချက်များကို ကော်မတီ ဥက္ကဌမှတစ်ဆင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဝန်ကြီးဌာန သို့လည်းကောင်း အဆင့်ဆင့်တင်ပြ၍ အတည်ပြုချက်ရယူပြီးဖြစ်ပါသည်။ ၆။ ဆက်စပ်ပတ်သက်သူများ၏ အကြံပြုချက်များမှ ထွက်ရှိလာသော ရလာဒ်များအရ သစ်တော အုပ်ချုပ် လုပ်ကိုင်မှုအတွက် ထောက်ခံချက်ပေးနိုင်ရန် မြန်မာ့စံနှင့်အညွှန်းများ (သဘာဝတောနှင့် သစ်တော စိုက်ခင်း) စံချိန်စံညွှန်းနှစ်ခုကိုပေါင်းစပ်၍ စံချိန်စံညွှန်းတစ်ခုတည်းသာ ထားရှိရန်၊ "ဆောင်ရွက် မှုအထောက်အထား များ" ကို အကဲဖြတ်ဆန်းစစ်မည့် ပုံစံများ (Audit Form/Checklist) တွင်သာ ထည့်သွင်းရန် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အကြံပြုချက်/သဘောထားမှတ်ချက်များသည်" ဆောင်ရွက်မှု အထောက်အထားများ"အပေါ် အကြံပြုထားပါ က မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေး ကော်မတီ အနေဖြင့် အကဲဖြတ်ဆန်းစစ်မည့်ပုံစံများ (Audit Form/Checklist) တွင် ထည့်သွင်းသွား မည်ဖြစ် ပါသည်။ ၇။ Standard Setting Policy အရ အဆင့်ဆင့် ဆွေးနွေးအတည်ပြုချက်များကို နောက်ဆက်တွဲ (၂) မှ (၁၁)တွင် ဖော်ပြအပ်ပါသည်။ အဆင့်ဆင့်ဆွေးနွေးအတည်ပြုချက်များဖြင့် “Myanmar Criteria and Indicators for Forest Managment Certification (2020)” အား ၂၀၂၀ပြည့်နှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် အတည်ပြုပြီးဖြစ်ပါသည်။ ဆက်စပ်ပတ်သက်ပါဝင်သူများအားလည်း ၂၀၂၀ ပြည့်နှစ်၊ အောက် တိုဘာလ (၁၃) ရက်နေ့တွင် Email မှတစ်ဆင့် MFCC ၏ သစ်တောအုပ်ချုပ်လုပ်ကိုင်မှုအတွက် ထောက်ခံချက် ပေးနိုင်ရန် မြန်မာ့စံနှင့်အညွှန်းများအပေါ် သဘောထားမှတ်ချက်နှင့်အကြံဉာဏ်များ ပေးသည့်အတွက် အထူးပင်ကျေးဇူး တင်ရှိပါကြောင်းနှင့် သဘောထားမှတ်ချက်နှင့် အကြံဉာဏ်များ အားအဆင့်ဆင့် ဆွေးနွေးအတည်ပြုချက် များကို အကြောင်းပြန်ကြားပြီး ဖြစ်ပါသည်။ (*သဘောထားမှတ်ချက်နှင့် အကြံဉာဏ်များအား အဆင့်ဆင့် ဆွေးနွေးအတည်ပြုချက်များ၏ Myanmar Version ကို MFCC ၏ Website (www.mfcc.org.mm) တွင် ဝင်ရောက်လေ့လာ ဖတ်ရှုနိုင်ပါသည်။ English Version ကို မကြာမီကာလအတွင်း ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။) Acknowledgement to the stakeholders for the comments and suggestions received by public stakeholder consultation of Myanmar C&I for Forest Management Certification Standard Drafts (Natural Forest and Plantations) 1. MFCC has undertook a project “Working in Partnership to Bring Sustainable Management to Myanmar’s Forests” supported by the Prince Albert II of Monaco Foundation with the assistance of the Programme for the Endorsement of Forest Certification (PEFC). MFCC is the National Governing Body (NGB) of forest/timber certification schemes in Myanmar. The mission of MFCC is to deliver sustainable forest management and timber legality certification in Myanmar. 2. According to the Standard Setting Policy developed by the MFCC to approve Myanmar Criteria & Indicators for Forest Management Certification Standard (Natural Forest and Plantations) (second draft-2019) , MFCC requested comments and feedbacks/suggestions from all the stakeholders by public stakeholder consultation form during the project. 3. Requesting comments and feedbacks/suggestions was announced through a seminar “Project Update for Stakeholders and Introduction of PEFC CoC” to update progress on “Working in Partnership to Bring Sustainable Management to Myanmar’s Forests” project. The consultation period is opened for 60 days from 30th April to 30th June, 2019. 4. MFCC also announced the Public Stakeholder Consultation on MFCC Website Contact page and Social Media Pages. MFCC invited the different stakeholders through mail chimps by [email protected]. MFCC sent official request letters not only to experienced and interested persons but also disadvantaged stakeholders, community and ethnic groups, local indigenous peoples living in remote areas through the stakeholders for Public Stakeholder Consultation of Myanmar Criteria & Indicators for Forest Management Certification Standard. MFCC received comments and feedbacks/ suggestions from the stakeholders. (Appendix-1) 5. According to Standard Setting Policy of MFCC, MFCC conducted two Sub Working Group meetings on 9th and 26th August, 2019 and Technical Working Group meeting on 1st October, 2019 for the comments and feedbacks/suggestions received from public stakeholder consultation. Moreover, following MFCC meetings have been held for four times on 29th November, 2019 and 17th January, 16th March, 11th June, 2020 for stepwise comfirmation. For the policy issues remained to be decided, MFCC submitted them to the Minister of Ministry of Natural Resources and Environmental Conservation (MONREC) through the MFCC Chairman and these policy issues are now approved. 6. Based on the comments and feedbacks/suggestions from the stakeholders, MFCC combined two standards (Natural Forest & Plantation). Criteria & Indicators will be just kept as it is in those standards and verifiers will be included in the Audit form/ Checklist. For the comments and feedbacks/suggestions for the verifiers, MFCC will decide to include in the Audit Form/Checklist accordingly. 7. According to the Standard Setting Policy, the stepwise confirmation of the comments and feedbacks/suggestions are shown in Appendix (2) to (11). “Myanmar Criteria and Indicators for Forest Managment Certification (2020)” is approved on 19th June, 2020 with stepwise confirmation. MFCC sent this confirmation by email to stakeholders on 13th October, 2020 and mentioned that MFCC would like to give special thanks and appreciate comments and feedbacks/ suggestions. (*The Myanmar Version of acknowledgement of the comments and feedbacks/suggestions is now available on MFCC website (www.mfcc.org.mm ). The English version will be uploaded soon.) Related DocumentsDate Appendix 1-Stakeholders' Lists (English Version) Dec 2020 Appendix 1-Stakeholders' Lists (Myanmar Version) Dec 2020 Appendix 2-Response Letter (Comments of U Win Naing)Dec 2020 Appendix 3- Response Letter (Comments of U Aung Myin) Dec 2020 Appendix 4- Response Letter (Comments of Mr.Paul) Dec 2020 Appendix 5 - Response Letter (Comments of U Ohn LwinDec 2020 Appendix 6 - Response Letter (Comments of U Min Min Latt)Dec 2020 Appendix 7 - Response Letter (Comments of MTE)Dec 2020 Appendix 8 - Response Letter (Comments of Mr.Richard)Dec 2020 Appendix 9 - Response Letter (Comments of U Soe Min Naing)Dec 2020 Appendix 10 - Response Letter (Comments of Department of Agriculture)Dec 2020 Appendix 11. Response Letter for comments of Head Quarter of FDDec 2020 Appendix 11.1. Response Letter for Comments of Magway DistrictDec 2020 Appendix 11.2. Response Letter for comments of Kayah StateDec 2020 Appendix 11.3. Response Letter for comments of Nay Pyi TawDec 2020 Appendix 11.4 Response Letter for comments of BagoDec 2020 Appendix 11.5 Response Letter for comments of Kayin StateDec 2020 Appendix 11.6 Response Letter for comments of Mandalay DistrictDec 2020 Appendix 11.7 Response Letter for comments of Shan StateDec 2020 Appendix 11.8 Response Letter for comments of Yangon DistrictDec 2020 Appendix 11.9 Response Letter for comments of Sagaing DistrictDec 2020
Continue reading -
MFCC updates for the stakeholders webinar
Date: 7th December 2020 Time: 2:00PM – 4:00PM…
Continue reading -
First meeting of MFCC Sub-Committee for review and revise of the MTLAS (2013)
First meeting of MFCC Sub-Committee for review and…
Continue reading -
Fourth Myanmar Forest Certification Committee Meeting
Fourth MFCC Meeting Date: 29th November 2019 Venue: Director General…
Continue reading